နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသင်တန်းဆင်းပွဲ

မုဒုံ၊ မတ် ၂၄
    နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)၌ မတ် ၂၄ ရက်တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၅) နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်းအမှတ်စဉ် (၂၁) သင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပသည်။
    သင်တန်းဆင်းပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဗိုလ်မှူးကြီးကျော်စွာမြင့်က နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် နယ်စပ်ဒေသမှ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ယူမှု အခွင့်အလမ်းနည်းပါးသော နယ်စပ်ဒေသမှ လူငယ်များ အတွက် ပညာသင်ယူနိုင်ရန် ရည်ရွယ်ပြီး နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းများ ဖွင့်လှစ်ကာ အခြေခံပညာသင်ယူနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး စသည့် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် နယ်စပ်ဒေသ၌ နေထိုင်ကြသော တိုင်းရင်းသားလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရန် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ  စက်မှုလက်မှုပညာသင်တန်းကျောင်းများ၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း   ပညာသင်တန်းကျောင်းများကိုလည်း      ဖွင့်လှစ်ထားရှိကြောင်း ၊ မွန်ပြည်နယ်၌ လူငယ်သင်တန်းကျောင်းနှစ်ကျောင်းကို သထုံနှင့်ရေးမြို့နယ်တို့၌ ဖွင့်လှစ်ထားပြီး မွန်ပြည်နယ်၌ရှိသည့် ကျောင်းသား ကျောင်းသူများ ပညာဆည်းပူးသင်ယူလျက်ရှိကြောင်း၊ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းနှစ်ကျောင်းကို မုဒုံနှင့် ရေးမြို့နယ်တို့၌ ဖွင့်လှစ်ထားရှိပြီး တိုင်းရင်းသူများကို အဆင့်မြင့်စက်ချုပ်နှင့် အိမ်တွင်းမှုဘာသာရပ်များ သင်ကြားပို့ချပေးလျက် ရှိကြောင်း ပြောကြားသည်။
    ထို့နောက်    သင်တန်းအသီးသီးတွင် ထူးချွန်ဆုရရှိသူများကို ထူးချွန်ဆုနှင့်အောင်လက်မှတ်များကို တာဝန်ရှိသူတို့က ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Post Paragraph