နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၇) သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၇
    နယ်စပ်ဒေသဖွံ့ဖြိုးရေးအစီအစဉ်အရ တိုင်းရင်းသားအမျိုးသမီးငယ်များ၏ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်လာစေရန်၊ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန်၊ အမျိုးသမီးများ အိမ်တွင်းမှုအသက် မွေးလုပ်ငန်းပညာများကို  တတ်မြောက်ကျွမ်းကျင်ပြီး  ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည်အထိ လုပ်ကိုင်နိုင်ရန်   ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ၊  ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၇)သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အမျိုးသမီးအိမ်တွင်းမှုအသက်မွေးဝမ်းကျောင်း လုပ်ငန်းပညာသင်တန်းကျောင်း၌ ပြုလုပ်ရာ  တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင် နှင့်  ဌာနဆိုင်ရာ  တာဝန်ရှိသူများ ၊  သင်တန်းသူများနှင့်  သင်တန်းနည်းပြဆရာမများ   တက်ရောက်ကြသည်။
    ဦးစွာ တိုင်းမှူးက သင်တန်းဆင်း အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက သင်တန်းတွင် ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ပြီး ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
    ယင်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ သင်တန်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် သင်တန်းသူများ၏ အိမ်တွင်းမှုလက်ရာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
    အဆိုပါ သင်တန်းကို မေလ ၆ ရက်မှ သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။ယနေ့အထိ သင်တန်းသူ ၃၀ ဦးဖြင့် ဖွင့်လှစ်