နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့်အဖွဲ့ ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးစဉ် သွားရောက်ခြင်း

နေပြည်တော်၊ မတ် ၂၈
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် အဖွဲ့သည် နီပွန်ဖောင်ဒေးရှင်း၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ မတ်လ (၂၈) ရက်နေ့မှ ဧပြီလ (၂) ရက်နေ့အထိ သွားရောက်ပြီး Education for Peace and Development စီမံကိန်းဆိုင်ရာ အခြေအနေများ၊ ဂျပန်နိုင်ငံရှိသက်မွေးပညာသင်တန်းကျောင်း Vocational Training School များနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးများကို သွားရောက်လေ့လာမည်ဖြစ်သည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးသိန်းဌေးဦးနှင့် တာဝန်ရှိသူများလိုက်ပါသွားခဲ့ပြီး အဆိုပါအဖွဲ့အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လိုက်ပါပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။