နယ်စပ်ရေးရာဝန်ကြီးဌာန တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ သြဂုတ်လ  ၂၉  ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ၂၀၂၂ ခုနှစ် တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိ အားကစားဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က နှစ်ရှည် အရိပ်ရ မဟော်ဂနီပင် အား ဦးဆောင်စိုက်ပျိုးခဲ့ပြီး ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးရုံး နှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် ကျွန်းပင် ၁၂၉ ပင်၊ အရိပ်ရ လေကာပင်များဖြစ်သည့် မဟော်ဂနီပင် ၈၆ ပင်နှင့် ပိတောက်ပင် ၈၆ ပင် စုစုပေါင်း ၃၀၁ ပင်ကို  ပါဝင်စိုက်ပျိုးခဲ့ကြပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးပြီး ဒုတိယအကြိမ်က စိုက်ပျိုးခဲ့သည့် ကျွန်းပင် ၅၂၅ ပင် ရှင်သန်ဖြစ်ထွန်းမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ရုံး၊ ကျောင်း များအနေဖြင့် ယခုနှစ် မိုးရာသီ ကာလအတွင်း ပထမအကြိမ်နှင့် ဒုတိယအကြိမ်၌  ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင် နှင့် အရိပ်ရ‌လေကာပင်  ၁၂,၂၀၇ ပင် စိုက်ပျိုးခဲ့ပြီး၊ ယခု တတိယအကြိမ်တွင် ရတနာတန်းဝင် ကျွန်းပင် ၈၂၉ ပင်နှင့် အရိပ်ရလေကာပင် ၁၁၆၇ ပင် ၊ နှစ်ရှည်သီးနှံပင် ၃၀၇ ပင် ၊ စုစုပေါင်း ၂၃၀၃ ပင်တို့အား  စိုက်ပျိုးပြီးစီးခဲ့ကြောင်းနှင့် ရှင်သန်အောင်မြင် ဖြစ်ထွန်းရေးအတွက် ပြုစုထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။     

 

Post Paragraph