နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပွင့်လင်းမြင်သာစွာ တင်ဒါဖွင့်လှစ် ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ ၂၄ ရက်


    နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ တင်ဒါများခေါ်ယူခဲ့ပြီး ယနေ့ နံနက် (၈:၃၀)နာရီအချိန်တွင် တင်ဒါ ဖွင့်ပွဲအခမ်းအနားကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ် (၄၂) စုပေါင်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ တင်ဒါစိစစ်ရွေးချယ်ရေးဗဟိုကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
    ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် တင်ဒါဖွင့်ပွဲ၌ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် လမ်း/တံတား၊ အဆောက်အဦ၊ ရေရရှိရေး၊ စွမ်းအင်လုပ်ငန်းနှင့် ရုံးသုံးစက်ကိရိယာများ စသည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် Lot (၁၈၈) ခု ကိုလည်းကောင်း၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက် မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် သင်တန်းကျောင်းများ အတွက် သင်ထောက်ကူ ပစ္စည်းများ ဖြည့်တင်းခြင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် Lot  (၄၁)ခုကို လည်းကောင်း၊ စုစုပေါင်း Lot (၂၂၉)ခုအား နိုင်ငံတော်သမ္မတရုံး၏ (၁/၂၀၁၇) လမ်းညွှန်ချက်နှင့် အညီ ပွင့်လင်းမြင်သာစွာဖြင့် ဖွင့်ဖောက်ပေးခဲ့သည်။

Post Paragraph