သြဂုတ်လ ၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၄၂)၊ နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးဝန်းအတွင်းရှိ လျှိုပိတ်ဆည်၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ ညွန်ကြားရေးမှူးများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက လျှိုပိတ်ဆည် အတွင်းသို့ ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၁၀,၀၀၀ အား ငါးမျိုးစိုက်ထည့်ခဲ့ကြပါသည်။
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဖွင့်အမှာစကားပြောကြား၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ ညွန်ကြားရေးမှူးများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် ကျွန်းပင်နှင့် မကျည်းပင် ၃၀၀ ပင်တို့ကို စုပေါင်းပါဝင် စိုက်ပျိုးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ယခုနှစ်၏ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ယခင်နှစ်များက စိုက်ပျိုး ထားရှိသည့် ရတနာတန်းဝင်ပင်၊ နှစ်ရှည်ပင်၊ အရိပ်ရလေကာပင်များ၏ ရှင်သန်ဖြစ်ထွန်းမှုနှင့် သေဆုံးမှုများအတွက် ပြန်လည်အစားထိုး စိုက်ပျိုးလျက်ရှိသည့် အခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ရုံး၊ ကျောင်းများတွင်လည်း ၂၀၂၄ ခုနှစ်၊ တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများကို တစ်ပြိုင်နက် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်များ၊ နှစ်ရှည်ပင်များ၊ အရိပ်ရလေကာပင်များနှင့် သီးပင်စားပင် များကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန တစ်ခုလုံး အနေဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီကာလအတွင်း ပထမအကြိမ်၌ ၁၂,၇၀၀ ပင်၊ ဒုတိယအကြိမ်၌ ၉,၉၅၂ ပင်နှင့် ယခု တတိယ အကြိမ်၌ ၁၀,၇၀၈ ပင် စုစုပေါင်း ၃၃,၃၆၀ ပင်တို့ကို စိုက်ပျိုးခဲ့ပြီး ရှင်သန်အောင်မြင်ဖြစ်ထွန်းရေးအတွက် ထိန်းသိမ်းပြုစု ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ငါးမျိုးစိုက်ထည့်ပွဲနှင့် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်
Post Paragraph
Paragraph Images
video-upload