နယ်စပ်ရေးရာဝန်ကြီးဌာနက ကွန်ဟိန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် မတ် ၂၆
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီးကျောင်းများ ဆွမ်းဆန်တော် အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲတို့ကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
    ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကွန်ဟိန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးချမ်းငြိမ်းသက်နှင့် ဝန်ထမ်းများသည် ကွန်ဟိန်းမြို့နယ် အမှတ်(၅၀)ရပ်ကွက်ရှိ နားဆေစာသင်တိုက်‌ကျောင်းသို့ ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Post Paragraph