နယ်စပ်ရေးရာဝန်ကြီးဌာနက မောက်မယ်မြို့၊ မောက်စံဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ဆေးများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဧပြီ ၈

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မောက်မယ်မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန် ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့ ဆီဆုံရပ်ကွက်၊ မောက်စံဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ဆေးများ ဆက်ကပ်လှူဒါန်းကြသည်။

          နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ဘုန်းတော်ကြီး‌ကျောင်း၊ သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် အခက်အခဲမရှိစေရေး ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးတို့ကို ဆက်ကပ်လှူဒါန်းလျက်ရှိ ကြောင်း သိရသည်။

Post Paragraph