
နေပြည်တော် နိုဝင်ဘာ ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများတွင် သီတင်းသုံးတော်မူကြသော သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ ဆွမ်းအခက်အခဲ အဆင်ပြေစေရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ် လှူဒါန်းပေးလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်အောင်နှင့် ဝန်ထမ်းမိသားစုများက မန်တုံမြို့နယ် အောင်ချမ်းသာမန်တောက် ဘုန်းတော်ကြီး ကျောင်း၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသုနန္ဒထံသို့ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
Post Paragraph
Paragraph Images

