
နေပြည်တော် မတ် ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာနသည် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများသို့ ဆွမ်း၊ ကွမ်း အခက်အခဲမရှိ စေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေး၊ ကုလားပဲနှင့် အခြားလှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။
ထိုသို့ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးခင်မောင်လတ်နှင့် တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိ မြို့နယ်၊ သီရိရတနာဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ဆရာတော်၊ သံဃာတော်များ၊ စာသင် သား သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် အခြားစားသောက်ဖွယ်ရာ များကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
Post Paragraph
Paragraph Images

