မေလ ၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ကယား ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၂၄၃ ဒသမ ၆၁၅ သန်းဖြင့် လိုဘာခိုကျေးရွာအုပ်စု၊ လိုဘာခို- ခူးပရာ ကျေးရွာချင်း ဆက် ကျောက်ချောလမ်း ၇ မိုင် အနက် ၁ မိုင် ၂ ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် Box Culvert ၅ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းပြီးစီးမှုအခြေအနေများအား နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်၊ ကယားပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ညွှန်ကြား ရေးမှူး ဦးသန့်ဇင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါကျေးရွာချင်းဆက်လမ်း ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ဒီးမော့ဆို မြို့နယ်အတွင်းရှိ ကျေးရွာ ၉ ရွာ၊ အိမ်ခြေ ၅၆၁ အိမ်၊ လူဦးရေ ၃၂၈၇ ဦးအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည့်အပြင် ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်များသို့ လွယ်ကူစွာ သွားလာနိုင်ပြီးဖြစ်၍ ဒေသခံပြည်သူများ ဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိ သည်။