နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ် ၅ မြို့နယ်မှ ဒေသခံပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းပြုလုပ်

နေပြည်တော် ဇူလိုင် ၄
    နယ်စပ်ရေးရာဝန်ကြီးဌာနက ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ် ၅ မြို့နယ်မှ ဒေသခံပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် ပူတာအိုမြို့ရှိ ဖုန်ကန်ရာဇီခန်းမ၌ ပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် အဖွဲ့ဝင် များ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများတက်ရောက်ကြသည်။ 
  ဦးစွာ တိုင်းမှူးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပူတာအိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ခရိုင်၏ ဒေသဆိုင်ရာအချက်အလက် များကို ဆွေးနွေးတင်ပြသည်။ ယင်းနောက် ပူတာအိုမြို့နယ်၊ မချမ်းဘောမြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ နောင်မွန်းမြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်တို့ရှိ ဒေသခံပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများကို တိုင်းမှူး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတယဝန်ကြီးနှင့်တာဝန်ရှိသူများကပေးအပ်ကြရာ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။၎င်းနောက် တက်ရောက်လာကြသူများက လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ တိုင်းမှူးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
 

Post Paragraph