နယ်စပ်ရေးရာဝန်ကြီးဌာနမှ မွန်ပြည်နယ်အတွင်းရှိ သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

မော်လမြိုင်၊ နိုဝင်ဘာ ၂၄ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် မွန်ပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများရှိ သံဃာတော်များ၊ သီလရှင်များ ဆွမ်းကွမ်းအဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး ဆက် ကပ်လှူဒါန်းလျက်ရှိရာ မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးဉာဏ်မျိုးနှင့်  ဝန်ထမ်း များသည် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ တောင်ဝိုင်းရပ်၊ ဝေဠုဝန်သီလရှင် စာသင်တိုက် သီလရှင်ဆရာကြီးထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Post Paragraph