
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ တောင်တန်း မြေပြန့်မခွဲခြားဘဲ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဟိုပုံးမြို့နယ် ပုံးအယ်လမ်းခွဲမှ နမ့်ပေါ်ချော-ဟိုနား-နောင်မိုင်းပွန်- နားလော-လီမော လမ်းခွဲအထိ ၁၅ မိုင်အနက် ၅ မိုင် မြေသားလမ်း ဖောက်လုပ်ခြင်းနှင့် ငါးပေ Box Culvert ၁၀ စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ် ၃၂၉ ဒသမ ၄၇၆ သန်းဖြင့် ဆောင်ရွက် နေမှုကို ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ လုပ်ငန်းများ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်း ၆၉ မိုင် ၄ ဖာလုံ၊ အမာခံလမ်း ၁၃ မိုင် ၄ ဖာလုံ၊ ကျောက် လမ်း ၂၁ မိုင် ၃ ဖာလုံ၊ ကတ္တရာလမ်း ၂ မိုင် ၄ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာ ၈ မိုင် ၆ ဖာလုံ၊ ကွန်ကရစ် လမ်း ၃ မိုင် ၂ ဖာလုံ၊ ကွန်ကရစ်တံတား ငါးစင်း၊ Box Culvert ၁၂၄ စင်း၊ ကျောက်တောင် မိုင်းခွဲခြင်းလုပ်ငန်း နှစ်ခု၊ အဝီစိတွင်း တူးဖော်ခြင်းလုပ်ငန်း တစ်တွင်း၊ သာသနာရေးလုပ်ငန်း ခြောက်ခု၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်း ငါးခု၊ ဆိုလာ ၉၄ စုံနှင့် ဦးစီးဌာနလုပ်ငန်း ခြောက်ခုတို့ကို စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၁၁၃၉ ဒသမ ၉၃ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

