
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ တောင်တန်း၊ မြေပြန့် မခွဲခြားဘဲ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လင်းခေးမြို့နယ်၊ ဟိုတင့်-နန့်အွန်ကျေးရွာချင်းဆက်မြေသားလမ်း ၂ မိုင် ၄ ဖာလုံ ဖောက်လုပ်ခြင်းနှင့် Box Culvert ခုနှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေကျပ် ၁၉၃ ဒသမ ၃၁ သန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ သတ်မှတ် ဘဏ္ဍာရေးနှစ်အတွင်း အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်း ၆၉ မိုင် ၄ ဖာလုံ၊ အမာခံလမ်း ၁၃ မိုင် ၄ ဖာလုံ၊ ကျောက်လမ်း ၂၁ မိုင် ၃ ဖာလုံ၊ ကတ္တရာလမ်း ၂ မိုင် ၄ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာလမ်း ၈ မိုင် ၆ ဖာလုံ၊ ကွန်ကရစ်လမ်း ၃ မိုင် ၂ ဖာလုံ၊ ကွန်ကရစ်တံတား ငါးစင်း၊ Box Culvert ၁၂၄ စင်း၊ ကျောက်တောင် မိုင်းခွဲခြင်းလုပ်ငန်း နှစ်ခု၊ အဝီစိတွင်းတူးဖော်ခြင်းလုပ်ငန်း တစ်တွင်း၊ သာသနာရေးလုပ်ငန်း ခြောက်ခု၊ စိုက်ပျိုးရေ ရရှိရေးလုပ်ငန်း ငါးခု၊ ဆိုလာ ၉၄ စုံနှင့် ဦးစီးဌာနလုပ်ငန်း ခြောက်ခုတို့ကို စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၁၁၃၉ ဒသမ ၉၃ သန်းဖြင့် အကောင်ထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
