နယ်စပ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ဒီဂရီကောလိပ် ကျောင်းဆင်း ဝန်ထမ်းများအတွက် ဖွင့်လှစ်ခဲ့သည့် လုပ်ငန်းခွင်အကြို သင်တန်းအမှတ်စဉ် (၄) သင်တန်းဆင်းပွဲ ကျင်းပ

ဒီဇင်ဘာလ ၁၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအနက် နယ်စပ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအတွက် ဖွင့်လှစ်ခဲ့သည့် လုပ်ငန်းခွင်အကြိုသင်တန်း အမှတ်စဉ် (၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုင်းထွန်းညို၊ အရာထမ်း၊ အမှုထမ်းများ ၊သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်နှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ ဝိဇ္ဇာ/သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာ ကျောင်းသား၊ ကျောင်းသူ ၅၃၈ ဦးတို့အား ပို့ဆောင်‌ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အသီးသီးတို့တွင် အကြီးတန်းစာရေးနှင့် အငယ်တန်း အင်ဂျင်နီယာ- ၃ ဝန်ထမ်းများအဖြစ်  အလုပ်တာဝန်များ ခန့်အပ်ပေးခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်း ၉၁ ဦးတို့အား အရည်အသွေးထက်မြက်ပြီး အတွေးအခေါ်မြင့်မားလာစေရန်၊ မိမိရာထူးအဆင့်နှင့်အညီ လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံနှင့်ပြည်သူက အားကိုးအားထားပြုရသည့် နိုင်ငံဝန်ထမ်း‌ကောင်းများအဖြစ် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ကြစေရန် လုပ်ငန်းခွင်အကြို သင်တန်းကို ၁၄-၁၁-၂၀၂၅ ရက်နေ့မှ ၁၈-၁၂-၂၀၂၅ ရက်နေ့ထိ ရက်သတ္တ ၄ ပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။