နယ်စပ်ရေးရာဝန်ကြီးဝန်ဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ် ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးစီမံခန့်ခွဲမှုဥက္ကဌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် တာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား (၉-၂-၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပင်လောင်းမြို့နယ်၏ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများပါဝင် ဆောင်ရွက်နေသည့် ဦးစီးဌာနများနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် နောင်တရားမြို့နယ်အတွင်းရှိ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နောင်တရားမြို့ စိုက်ပျိုးရေး ရှေ့တန်းအခြေစိုက်စခန်းရှိ အစားထိုးကျေးရွာများသို့ ဖြန့်ဝေမည့် ထောပတ်၊ ကော်ဖီ၊ လက်ဖက်ပျိုးပင်များ သွားရောက် ကြည့်ရှုစစ်‌ဆေးခဲ့သည်။ ထို့နောက် ပေါ့အင်အုပ်စု၊ လွယ်တက်(အမက)ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်းအားလည်းကောင်း၊ ဉာဏ်ပင်လမ်းခွဲ-ကျွဲဖြူကွင်း-လွယ်တက် (၂/၀)မိုင် ကျောက်ရောမြေလမ်းခင်းခြင်းလုပ်ငန်းအားလည်းကောင်း၊ ဆောင်းပေါင်း(အမက) ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်းအားလည်းကောင်း၊ ထီရယ်ကျေးရွာ (၁/၄)မိုင် စိမ့်စမ်းရေ သွယ်ယူခြင်း ရေတားတမံ(Chan Link Fancing)(88)ft ရေသန့်စက်အိမ်နှင့်ရေသန့်ပစ္စည်းများ တပ်ဆင်ခြင်းလုပ်ငန်းအားလည်းကောင်း၊ ပေါ့အင်ကျေးရွာအုပ်စု၊ ကျောက်တင်-ခြုံပုတ်-ဝါးပြုံး မြေလမ်း (၃)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းအား လည်းကောင်း၊ ဆောင်ခမောက်-စည်ပင်-ပင်ခင် (၄/၀)မိုင် ကျောက်ရောမြေလမ်း ဖောက်လုပ် ခြင်းလုပ်ငန်းအား လည်းကောင်း၊ နောင်မူလမ်းခွဲ-ကျောက်ဆင့်လမ်း (၂/၀)မိုင် ဖောက်လုပ် ခြင်းလုပ်ငန်းအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
အဆိုပါလုပ်ငန်းများသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အထိ ပေါ့အင်၊ မွှေးပြင်၊ ပင်ခင်၊ လွယ်မောကျေးရွာ (၄)အုပ်စုတွင် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည် ဖော်ရေး စီမံခန့်ခွဲမှု အဖွဲ့တွင်ပါဝင်သည့် သက်ဆိုင်ရာဦးစီးဌာနများမှ ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊ လမ်း/တံတား၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့သည်။ ထို့နောက် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးလာသည့်အတွက် ဒေသထွက်ကုန်စည်များ စီးဆင်းမှုမြန်ဆန်ခြင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကြောင့် သန့်ရှင်းသောသောက်သုံးရေ ရရှိလာခြင်း၊ ကျောင်းဆောင်များ ဆောင်ရွက်ပေးခြင်းကြောင့် ဒေသခံကျောင်းသား/သူများအတွက် အဆင်ပြေချောမွေ့ခြင်း၊ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကြောင့် လူသေဆုံးမှုများ နည်းပါးလာခြင်း၊ လျှပ်စစ်မီးသွယ်တန်းပေးခြင်းကြောင့် လူနေမှုအဆင့်အတန်းနှင့် အသေးစား စီးပွားရေးလုပ်ငန်း များအတွက် အဆင်ပြေချောမွေ့သွားတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Post Paragraph