တောင်ကြီး ဒေသဖွံ့ဖြိုးရေး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိးရေးပြည်ထောင်စုရန်ပုံငွေကျပ် ၂၈၃၅ ဒသမ ၀၇၃ သန်းဖြင့် မြေလမ်း ၄/၄ မိုင်၊ ကျောက်လမ်း ၁၃/၁ မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၂ မိုင်၊ ကတ္တရာလမ်း ၁/၁ မိုင်၊ အမာခံလမ်း ၅/၅ မိုင်၊ ကွန်ကရစ်တံတားတစ်စင်း၊ Box Culvert ၃၈ စင်း၊ ကျောက်စီ ရေမြောင်းပေ ၆၆၀၊ စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းနှစ်ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ရာ လက်ရှိတွင်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။