ပင်လောင်းမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ပင်လောင်း မေ ၉
    ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ယာယီနေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက တောင်ထီဗ္ဗာကျေးရွာအုပ်စု၊ ဝါးလီကျေးရွာ ဘုန်းကြီးကျောင်း၌ ပြုလုပ်သည်။
    ဦးစွာ ရှမ်းပြည်နယ်၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့က ယာယီနေရပ်စွန့်ခွာပြည်သူများကို အားပေးနှစ်သိမ့် အမှာစကား ပြောကြားသည်။
    ထောက်ပံ့ပေးအပ်ရာတွင် ရှမ်းပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိမ်းမောင်က ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် စားသောက်ကုန်များ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် ၃၈၅၅၀၀၀ နှင့် စားသောက်ကုန်များ၊ ပြည်ထောင်စုတိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှ ထောက်ပံ့ငွေကျပ် သိန်း ၃၀ အား ပြည်နယ် တိုင်းရင်းသားရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးချစ်ဇော်လင်းနှင့် အမှတ် (၄) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှူး ဗိုလ်မှူးကြီးမောင်မောင်မြင့်၊ နယ်စပ်‌ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ပေးသည့် စားသောက်ကုန်လေးမျိုး၊ ကျောင်းစိမ်းဝတ်စုံ ၁၅၀၊ ဗလာစာအုပ် ဒါဇင် ၁၅၀ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းတို့က ပေးအပ်ခဲ့ကြကြောင်း သိရသည်။
 

Post Paragraph