ပင်လည်ဘူးမြို့ မြို့မရပ်ကွက်နှင့်တိုးချဲ့လယ်ပြင်ရပ်ကွက်များတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

ပင်လည်ဘူး ဧပြီ ၂၉

     စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့မရပ်ကွက်နှင့် တိုးချဲ့လယ်ပြင် ရပ်ကွက်များကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ တာဝန်ယူဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

     အဆိုပါ မြို့မရပ်ကွက်နှင့် တိုးချဲ့လယ်ပြင်ရပ်ကွက်များကို ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရှည်ပေ ၇၅၇၀ နှင့် အကျယ် ၁၂ ပေ၊ ဒု ၇ လက်မဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ငွေကျပ် ၃၄၀ ဒသမ ၄၈၉ သန်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအချိန်တွင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးညီဆွေက ပြောသည်။

     ဆက်လက်၍ မြို့မရပ်ကွက်နှင့် တိုးချဲ့လယ်ပြင်ရပ်ကွက် ကွန်ကရစ်ခင်း ခြင်းလုပ်ငန်းများကို မြို့နယ်အရည်အသွေးစစ်ဆေးရေးအဖွဲ့ ကော်မတီဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်နှင့်အဖွဲ့က အရည်အသွေး ပြည့်မီမှု ရှိ ၊ မရှိ စစ်ဆေးဆောင်ရွက် ပြီးဖြစ်ကြောင်း သိရသည်။

မွှေးကြူဇင်