
နေပြည်တော် ဇူလိုင် ၁၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဉီးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)တွင် မိုးရာသီ “ကျောင်းအုပ်ကြီးဖလား” အိပ်ဆောင်လိုက် (အမျိုးသား/အမျိုးသမီး) ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်း အားကစားကွင်း၌ကျင်းပသည်။
အဆိုပါပြိုင်ပွဲများကို ဇွန် ၂၄ ရက်မှ ဇူလိုင် ၁၅ ရက်အထိ ကျင်းပခဲ့ပြီး (အမျိုးသား/ အမျိုးသမီး) ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အသင်းများနှင့် ပြိုင်ပွဲအလိုက် အကောင်းဆုံး အားကစားသမားဆု ရရှိသူများကို ဒုတိယကျောင်းအုပ်ကြီးနှင့် ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များက ဆုဖလား၊ တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။