ဩဂုတ် ၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုရေး ဒီဂရီကောလိပ်(စစ်ကိုင်း)တွင် ၂၀၂၄ ခုနှစ် အိပ်ဆောင်အလိုက် မိုးရာသီ အားကစားပြိုင်ပွဲ ပိတ်ပွဲ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၁၅း၀၀ နာရီအချိန်တွင် ဒီဂရီကောလိပ်၊ စစ်ကိုင်းရှိ ဘောလုံးကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး အားကစားပြိုင်ပွဲများ၏ ပိတ်ပွဲအဖြစ် ကျောင်းသားအိပ်ဆောင်အလိုက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ် လွိုင်ကော်ဆောင်နှင့် မြစ်ကြီးနားဆောင်တို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ပြီး လွိုင်ကော်ဆောင် အသင်းမှ ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲသွား ပါသည်။
ထို့နောက် မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက် ကျင်းပရာ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး ကျောင်းအုပ်ကြီး က အဖွင့်အမှာစကားပြောကြားသည်။ ပြိုင်ပွဲကို ၃.၇.၂၀၂၄ ရက်နေ့မှ စတင်၍ ၃.၈.၂၀၂၄ ရက်နေ့အထိ အားကစားနည်းပေါင်း ၁၁ မျိုးကို အိပ်ဆောင်အလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ စစ်ကိုင်း မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Post Paragraph
Paragraph Images