
ရန်ကုန် ဒီဇင်ဘာ ၁၇
ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်နှင့် မြန်မာ့ရိုးရာ သိုင်းပညာ အခြေခံများ တတ်မြောက်စေရန် ရည်ရွယ်၍ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)၌ မြန်မာ့ရိုးရာ သိုင်းအခြေခံသင်တန်း အမှတ်စဉ်(၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဒီဂရီကောလိပ်(ရန်ကုန်)မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါ မြန်မာ့ရိုးရာ သိုင်းပညာအခြေခံသင်တန်း အမှတ်စဉ်(၄)ကို ရက်သတ္တပတ် ၅ ပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။