ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)တွင် မြန်မာ့သိုင်း (အခြေခံ)သင်တန်း၊ အမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ရန်ကုန် သြဂုတ် ၉
    ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်(ရန်ကုန်)တွင် ပညာသင်ယူနေကြသည့်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တတိယနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများ၏ မြန်မာ့သိုင်း (အခြေခံ) သင်တန်း အမှတ်စဥ် (၃) သင်တန်းကို ဇူလိုင် ၁၅ ရက်မှ သြဂုတ် ၉ ရက်အထိ ရက်သတ္တပတ် ၄ ပတ် ကြာ ဖွင့်လှစ် သင်ကြားခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ကျောင်းအားကစား ကွင်း၌ ကျင်းပသည်။ 
    အခမ်းအနားတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)မှ ကျောင်းအုပ်ကြီးဦးထိန်လင်းက အမှာစကားပြောကြားသည်။ အခမ်းအနားသို့ ဒုတိယ ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ထူးချွန်ဆုရရှိသူ များကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph