ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ရန်ကုန် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

၂၅-၇-၂၀၂၂
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်း ရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)တွင် ၂၀၂၂ ခုနှစ် ဒုတိယအကြိမ် မိုးရာ သီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။ 
    အခမ်းအနားကို စားရိပ်သာအဆောင် ၃ အနီးတွင် ကျင်းပရာ  ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူများက သတ်မှတ်နေရာအသီးသီးတွင် ပျိုးပင်များကို စိုက်ပျိုးကြသည်။
    ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မအူပင် ၂၅ပင်၊ ငုရွှေဝါပင် ၂၅ပင်နှင့် တရုတ်တည်ပင် ၅၀ ပင် စုစုပေါင်း ၁ဝ၀ ပင် တို့ကို စိုက်ပျိုးခဲ့ကြောင်းသိရသည်။

video-upload