နေပြည်တော် နိုဝင်ဘာ ၁၆
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ကျောက်ဆည် ခရိုင်၊ မြစ်သားမြို့နယ်၊ ကံဆွယ် ကျေးရွာအုပ်စု၊ မြသုခကျေးရွာအနီး အနောက်ပြက္ခရွေတောင်တော် ပေါ်တွင် အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ပဉ္စမမြောက် စွယ်တော်မြတ်စေတီသို့ ဖောက်လုပ်လျက်ရှိသည့် တောင်တက်မြေသားလမ်း ၄ မိုင် ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရာသီမရွေး သွားလာနိုင်သည့် အမာခံလမ်းအဖြစ် ဆက်လက်ဆောင်ရွက်ရန် လိုအပ်ချက်များအား ရှင်းလင်းမှာကြား ခဲ့ပါသည်။ ၎င်းနောက် စွယ်တော်မြတ်စေတီ ပရိဝုဏ်အတွင်း လိုက်လံ ကြည့်ရှုစစ်ဆေးကာ ပြုပြင် ဆောင်ရွက်ရန်လိုအပ်သည်များကို ဆရာတော်များနှင့် တာဝန်ရှိသူများအား လျှောက်ထားရှင်းလင်း မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝမ်းတွင်းမြို့နယ်၊ ဘုရားဖြူကျေးရွာအုပ်စု၊ ရွာရှည်ကျေးရွာ ရေရရှိရေးအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနမှ ဆောင်ရွက်ထားရှိသော ထရန်စဖော်မာနှင့် ရေတင်မော်တာများ တပ်ဆင်ခြင်း၊ ရေပိုက် သွယ်တန်းခြင်း လုပ်ငန်းများနှင့်မြေသား ရေကန်များအတွင်း ရေဖြည့်တင်းမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိပြီး ခရိုင်ကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ ယာဉ်/ ယန္တရားများ ကြံ့ခိုင်မှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အထောက်အကူပြုပစ္စည်းများ ထိန်းသိမ်း ထားရှိမှုအခြေအနေ များအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပြီး ရုံးဝင်းအတွင်း ယာဉ်/ယန္တရားများနှင့် ထောက်ပံ့ပစ္စည်းများ ထိန်းသိမ်းထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် မိတ္ထီလာခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
video-upload