ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူစွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂၃
    နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာ၂၂ ရက်နေ့ မွန်းလွဲ ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်၊‌ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန် (၃) အတွင်း ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)၊ ဗဟိုလေ့ကျင့်ရေးကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၏ စားသောက်ရေးနှင့် သက်သာချောင်ချိရေးအား အထောက် အကူ ဖြစ်စေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကြက်၊ ဝက်၊ ငါး မွေးမြူရေးစခန်း၏  အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ပွင့်လင်းရာသီတွင် ပြီးစီးအောင် ဆောင်ရွက် ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း မှာကြားခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနကွပ်ကဲမှုအောက် ဗဟိုလေ့ကျင့်ရေးကျောင်းသို့ ရောက်ရှိပြီး နိပွန်ဖောင်ဒေးရှင်းနှင့် ပူးပေါင်းဖွင့်လှစ်ထားသည့် ငြိမ်းချမ်းရေး၊ နယ်စပ် ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ဆိုင်ရာ ခေါင်းဆောင်မှုသင်တန်း အမှတ်စဉ် (၅) တွင် တက်ရောက်နေကြသည့် သင်တန်းသား၊ သင်တန်းသူများ၏ လေ့ကျင့်သင်ကြား နေမှု၊ Japan Myanmar Association (JMA)နှင့် ပူးပေါင်းဖွင့်လှစ်ထားသည့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး သင်တန်း အမှတ်စဉ် (၁) တွင် တက်ရောက်နေကြသည့် သင်တန်းသူများ၏ လေ့ကျင့် သင်ကြားနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
    ဆက်လက်၍ ကျောင်းဝန်းအတွင်းရှိ သင်တန်းခန်းမများ၊ စားရိပ်သာများ၊ အိပ်ဆောင် များ နှင့် ကျောင်းဝင်းအတွင်း စိုက်ပျိုးထားရှိမှုများ၊ ဝန်ထမ်းအိမ်ရာ မြေလွတ်နေရာတွင် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဆောင်ရွက်လျက်ရှိသည့် Green House များ၌ စိုက်ပျိုးထားရှိမှု၊ ငါးကန်များတွင် ငါးမွေးမြူထားရှိမှုနှင့် တည်ဆောက်ဆဲ သင်တန်းသား (၄) ထပ် အိပ်ဆောင်ဆောက်လုပ်နေမှု အခြေအနေများအား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ရောက်ရှိပြီး ဂိုဒေါင်အတွင်း ယာဉ်/ယန္တရားများ စနစ်တကျ ထိန်းသိမ်း ထားရှိမှုနှင့် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဆောင်ရွက်ထားရှိသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)သို့ ရောက်ရှိပြီး ဘွဲ့နှင်းသဘင်ခန်းမတွင် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ၍ ကျောင်း၏ရည်ရွယ်ချက် (၅) ရပ်ကို သိရှိနားလည်ပြီး သက်ဆိုင်ရာပညာရပ်များကိုကျွမ်းကျင် ပိုင်နိုင်အောင် သင်ကြား/သင်ယူရေး၊ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေတို့ကို မှန်ကန်စွာသိရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တက်ကြွစွာ ပါဝင်ထမ်းဆောင်ရေး၊ ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် နိုင်ငံ့ဝန်ထမ်းကောင်းများပီသစွာ ကျရာ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရေး၊ ကျောင်းသား၊ ကျောင်းသူများအား စာပေပညာအပြင် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်ပြီး ယုံကြည်ချက်၊ ခံယူချက်၊ အတွေးအခေါ်နှင့် ဆင်ခြင်တုံ တရားမြင့်မားစေရေးအတွက် သင်ကြားလေ့ကျင့်ပေးရေး၊ အားကစားကဏ္ဍအပါအဝင် ဘက်စုံ ထူးချွန်ထက်မြက်ပြီး အနာဂတ်တွင် နိုင်ငံတော်မှ အားထားရသည့် နိုင်ငံ့သားကောင်း၊ သမီးကောင်း များဖြစ်လာစေရေး အလေးထားကြိုးစားဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
    ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ်စာကို လက်ရည်တစ်ပြင်တည်း အတူတကွ သုံးဆောင်ခဲ့ပြီး ကျောင်းဝန်းအတွင်းရှိ (၄) ထပ် အင်ဂျင်နီယာ အလုပ်ရုံတည်ဆောက်နေမှုနှင့် အားကစားကွင်း အဆင့်မြင့်တင်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွား ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph
video-upload