နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မန္တလေးတိုင်းဒေသကြီး၌ ပျားမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲနှင့်ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ် ဘုရားဖြူကျေးရွာရှိ ပုဂ္ဂလိက ပျားမွေးမြူသူတောင်သူ ဦးနေမင်းထွန်းနှင့် မြစ်သားမြို့နယ် မုန္တောကျေးရွာရှိ တောင်သူ ဦးကျော်ငြိမ်းတို့ နှစ်ဦးအား ပျားအုံများ လွှဲပြောင်းထောက်ပံ့ ပေးအပ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုဂ္ဂလိလက ပျားမွေးမြူသူများအနေဖြင့် ဆီထွက်သီးနှံ နေကြာစိုက်ခင်းများတွင် ဝတ်မှုန်ကူးဆောင်ရွက်နိုင်ရန်၊ တစ်ပိုင်တစ်နိုင် ပျားမွေးမြူခြင်းမှ စီးပွားဖြစ်မွေးမြူစေရန်၊ ပုဂ္ဂလိက ပျားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန်၊ ပျားရည်ထုတ်လုပ်ရာတွင် ပိုလျှံသော ပျားရည်များကိုထုတ်ယူရန် ပျားရည်ထုတ်စက်နှင့် လုပ်ငန်းသုံး ပစ္စည်းများကို ပေးအပ်ပြီး ပျားမွေးမြူသူများအနေဖြင့် ပျားရည်နှင့်ပျားထွက်ပစ္စည်းများကို ထုတ်လုပ်ရောင်းချခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း သိရသည်။