ပူတာအို ဧပြီ ၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် သံဃာတော်များ ဆွမ်း အခက်အခဲမရှိစေရန်အတွက် ဆွမ်းဆန်တော်နှင့် ရိက္ခာပစ္စည်းများအားလည်းကောင်း၊ ခရစ်ယာန်ဘာသာရေးဆိုင်ရာကျောင်းများတွင် လိုအပ်လျက်ရှိသည့်ဆန်နှင့်ရိက္ခာ ပစ္စည်းများကို မတ်လနောက်ဆုံးပတ်က ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လှူဒါန်းသော ဆွမ်းဆန်တော်နှင့်ရိက္ခာပစ္စည်းများကို ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းနှင့် တာဝန်ရှိသူများက ပူတာအိုမြို့နယ် ပမ္မတီးကျေးရွာအုပ်စု ဝင်းလုံကျေးရွာဘုန်းကြီးကျောင်းနှင့် မကျော့ဝါကျေးရွာ ခရစ်တော်၏ အသင်းတောဘုရားကျောင်းသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။