ပူတာအိုခရိုင်ရှိ ဘုန်းကြီးကျောင်းများသို့ ဆွမ်းဆန်များ ဆက်ကပ်လှူဒါန်း

ပူတာအို၊ စက်တင်ဘာလ ၂၅ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဝါတွင်းကာလ သံဃာတော်များ ဆွမ်းအခက်အခဲမရှိစေရန်အတွက် ပူတာအိုခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ဆန်၊ ဆီ၊ ဆားနှင့် ပဲများ လှူဒါန်းလျက်ရှိသည်။
    ထိုသို့ လှူဒါန်းလျက်ရှိရာ ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းနှင့် တာဝန်ရှိသူများက ပူတာအိုမြို့နယ် ဝင်းလုန်ကျေးရွာ ဟိုကျို ဘုန်းကြီးကျောင်းရှိ ရဟန်းသာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။