ပူတာအိုမြို့နယ်အတွင်း ကျေးရွာချင်းဆက်မြေသားလမ်း ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီး

မေလ၂၁ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၄၆.၃၅၃ သန်း ဖြင့် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်အတွင်းရှိ ဆွမ်ပီယန် - အင်စီယန် ကျေးရွာ ချင်းဆက် မြေသားလမ်း ၁ မိုင် ဖောက်လုပ်ခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုူန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြား ရေးမှူး ဦးဇော်ဇော်ထွန်းနှင့်အဖွဲ့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

          အဆိုပါ ကျေးရွာချင်းဆက်မြေသားလမ်း ဖောက်လုပ်ပေးနိုင်မှုကြောင့် ပူတာအို မြို့နယ်၊ ဆွမ်ပီယန် ကျေးရွာအုပ်စုရှိ ကျေးရွာ ၂ ရွာ၊ အိမ်ထောင်စု ၁၉၅ စု၊ လူဦးရေ ၁၂၄၆ ဦးတို့အတွက် လမ်းပန်း ဆက်သွယ်ရေးများ တိုးတက်ကောင်းမွန်လာပြီး လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက် လာတော့မည် ဖြစ်ကြောင်း ဒေသခံတိုင်းရင်းသားပြည်သူများထံမှ သိရှိရသည်။