ရေးမြို့နယ် ချောင်းတောင် - ကလော့ကြီး မြေသားလမ်း ရာနှုန်းပြည့်ပြီးစီး

ရေး၊ ဧပြီ ၁ 
   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၆၇ ဒသမ ၀၂၃ သန်းဖြင့် ဆောင်ရွက်ခဲ့သော ရေးမြို့နယ် ချောင်းတောင်-ကလော့ကြီး မြေသားလမ်း ၁ မိုင် ၁ ဖာလုံ ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ်တွင် Box Culvert နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းမှာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့် ပြီးစီးခဲ့ပြီဖြစ်ရာ ယနေ့နံနက်ပိုင်းတွင် ရေးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသောင်းစိန်နှင့် အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
   နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်အတွင်း လမ်းတံတားလုပ်ငန်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်း၊ တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်း စသည်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း ၂၈ ခုကို ခွင့်ပြုရန်ပုံငွေကျပ် ၂၄၈၃ ဒသမ ၂၆၄ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
 

Post Paragraph