မွန်ပြည်နယ် ရေးမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းကျင်းပသောငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့် ခြင်း အခမ်းအနားကို နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ယမန်နေ့ နံနက် ၀၉:၀၀ နာရီ က ကျင်းပသည်။
ထို့နောက် ဘေးအန္တရာယ်ကြောင့် ဒဏ်ရာရရှိပါကလွယ်ကူ၍ အမြန်ဆုံးနည်းဖြစ်သည့် ရှေးဦး သူနာပြုနည်း လက်တွေ့သရုပ်ပြသခြင်း ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက် သရုပ်ပြပုံ လေ့ကျင့်ခန်းကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသန်းဌေးအောင်နှင့် ဝန်ထမ်းများ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ကျောင်းသားကျောင်းသူများ နှင့် ဆရာ၊ ဆရာမများဖြင့် ပူးပေါင်း၍ လက်တွေ့သဏ္ဌာန်တူ သရုပ်ပြပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်၌ ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ကျင်းပဆောင်ရွက်
Post Paragraph
Paragraph Images