ရေးမြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်

မေလ ၈ ရက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေ ကျပ် ၂၂၅၂ ဒသမ ၆၆၁ သန်းဖြင့် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ကျောက်ချောလမ်း ၄ မိုင်၊ ကတ္တရာ လမ်း ၂ မိုင် ၂ ဖာလုံ၊ RC တံတား ၁၅၀ ပေ ၁ စင်း၊ ၁၂၀ ပေ ၁ စင်း၊ ၁၀၀ ပေ ၁ စင်း၊  Box Culvert ၄ စင်း ၊   ကွန်ကရစ်ရေပြွန် ၂ စင်း၊  လမ်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း  ၅ ခု၊ ၁၂၀ × ၃၀ ပေ RC နှစ်ထပ် ကျောင်းဆောင်သစ် ၁ ဆောင်၊ ပညာရေးဝန်ထမ်းနေအိမ် ၄ လုံး၊ မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်‌ရေးရုံး နှစ်ထပ်အဆောက်အဦ ၁ လုံး တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း  သတင်းရရှိသည်။