ရေဖြူမြို့နယ်၊ ရာဖူး-သဲချောင်းကျေးရွာချင်းဆက်မြေသားလမ်း ၅ မိုင်ဖောက်လုပ်ခြင်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

နေပြည်တော် ဧပြီ ၄
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေကျပ် ၂၄၄ ဒသမ ၆၁၅ သန်း အကုန်အကျခံကာ Apex Queen ကုမ္ပဏီမှ တင်ဒါအောင်မြင်ပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ရေဖြူမြို့နယ်၊ ရာဖူး - သဲချောင်းကျေးရွာချင်းဆက် မြေသားလမ်း ၅ မိုင်နှင့် ၎င်းလမ်းပေါ်ရှိ ၅ ပေ BoX Culvert ငါးစင်းတည်ဆောက်ခြင်းလုပ်ငန်းတို့သည် မြေပြင်တွင်ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် ကျေးရွာရှစ်ရွာ အိမ်ခြေ ၆၇၁ အိမ် လူဦးရေ ၃၁၃၀ တို့အတွက် များစွာအကျိုးပြုသည့် လမ်းပိုင်းဖြစ်သည့်အပြင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ လူနေမှု အဆင့်အတန်းများ ပိုမိုမြင့်မားလာ၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph