အောက်တိုဘာလ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၀၂၇၂ ဒဿမ ၄၇၈ သန်းဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်း မြေသားလမ်း ၃၄ မိုင် ၄ ဖာလုံ၊ ကတ္တရာလမ်း ၁မိုင်၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၁၁ မိုင် ၅.၅ ဖာလုံ၊ ကွန်ကရစ်လမ်း ၁ မိုင်၊ ကျောက်လမ်းပြုပြင်ထိန်းသိမ်းခြင်း ၆ မိုင် ၆ ဖာလုံ၊ ၃၅ ပေ ကွန်ကရစ်တံတား ၁ စင်း၊ ၃၀ ပေ ကွန်ကရစ်တံတား ၁ စင်း၊ ၂၀ ပေ ကွန်ကရစ်တံတား ၁ စင်း၊ ၁၀ ပေ ကွန်ကရစ်တံတား ၁ စင်း၊ ၂၀၀ ပေ ဘေလီတံတား ၁စင်း၊ Box Culvert ၂၈ စင်း၊ Pipe Culvert ၃ စင်း၊ ကျောက်တောင်မိုင်းခွဲခြင်းလုပ်ငန်း ၁ ခု၊ လျှပ်စစ်မီးသွယ်တန်းခြင်း ၁ ခု၊ ဆိုလာမီးတပ်ဆင်ခြင်း ၁၅၉ စုံ၊ သောက်သုံးရေသွယ်တန်းခြင်း ၂ မိုင်၊ သာသနာရေးလုပ်ငန်း ၁ခု၊ သဘာဝဘေးလုပ်ငန်း ၁ခု၊ ဂါလံ ၈၀၀ ဆန့် ရေစင် ၁ ခုတို့အား အကောင်အထည်ဖော်ဆောင်ရွက် ပေးခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း တောင်ကြီးမြို့၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရှိရသည်။
အဆိုပါ ဖွံ့ဖြိုးရေးလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးခြင်းမှာ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိခြင်းနှင့် ဒေသခံတိုင်းရင်းသားပြည်သူများမှ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။