ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်း၌ အမျိုးသမီးများအတွက် သက်မွေးသင်တန်းဖွင့်လှစ်

ကွန်ဟိန်း   အောက်တိုဘာ ၂၀
        ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမ၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၈)ကို ယမန်နေ့က ဖွင့်လှစ်ရာ ခေတ္တမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြင့်ကြိုင်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဆန်းတို့က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းသူဟောင်းများ၏ ကိုယ်ပိုင်ဒီဇိုင်းလက်ရာများကို ကြည့်ရှုသည်။ ယခုသင်တန်းတွင် စက်ချုပ်ဘာသာရပ်အပြင် လက်မှုဘာသာရပ်၊ ဟင်းလျာချက်ပြုတ်ခြင်းနှင့် စားသောက်ကုန် ထုတ်လုပ်ခြင်းများကို သင်ကြားပေးလျက်ရှိပြီး သင်တန်းသူ ၃၀ ဦးအား မတ်လ ၁၉ ရက်အထိ ငါးလကြာ သင်ကြားပေးမည်ဖြစ်သည်။ 

Post Paragraph