December 2021

ကသာမြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြား

ဒီဇင်ဘာလ ၂၁ ရက်
   နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကသာမြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အမျိုးသမီးငယ်များအား ဒီဇင်ဘာလဆန်းမှစ၍ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၂) ကို ဖွင့်လှစ်ပို့ချလျက်ရှိသည်။

standard

ဟိုပန်မြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးခွင့်ပြုငွေဖြင့် စာသင်ကျောင်းဆောင် ဆောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ဟိုပန်မြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးခွင့်ပြုငွေဖြင့် စာသင် ကျောင်း‌ဆောင် ဆောက်လုပ်နေမှုကို နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
    ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဟိုပန်မြို့နယ် စံပြကျေးရွာ တိုးချဲ့ကွက်သစ်၌ နယ်စပ်ဒေသ ဖွံ့ဖြိး‌ရေး ခွင့်ပြုငွေ ငွေကျပ် ၆၄ ဒသမ ၆ သန်းဖြင့် ယခုနှစ် နိုဝင်ဘာလမှစ၍ စာသင်ကျောင်းဆောင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

standard

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌနယ်စပ်ရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် နှင့်ကော်မတီအဖွဲ့ဝင်များရခိုင်ပြည်နယ်အတွင်းရှိIDPစခန်းများ၊တိုက်ပွဲရှောင်စခန်းများနှင့်ပြန်လည်လက်ခံရေးစခန်းများအားကွင်းဆင်းကြည့်ရှုပြီးနေရပ်စွန့်ခွာသူများအားတွေ့ဆုံထောက်ပံ့

ဒီဇင်ဘာလ  ၁၉ ရက်
    ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်း  ပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဒုတိယဥက္ကဋ္ဌ (၁)၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း‌ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာသက်သက်ခိုင်တို့နှင့်အတူ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့သည်။

standard