ဆီဆိုင်၊ အောက်တိုဘာ ၂၅ ရက်
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ လွိုင်ကော်ကျောင်းခွဲ၊ အိမ်တွင်းမှု သင်တန်းကျောင်း၊ဆိုက်ခေါင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၂/၂၀၂၂) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၀၉း၀၀နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာအတွင်းရှိ အဆိုပါ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေးက ဤသင်တန်းကို ၂၅-၁၀-၂၀၂၂ရက်နေ့မှ ၂၄-၂-၂၀၂၂ရက်နေ့အထိ အခြေခံနှင့်အဆင့်မြင့်စက်ချုပ် သင်ခန်း စာများကို စာတွေ့လက်တွေ့ ၁၈ ပတ်ကြာ သင်ကြားပေးပြီး ၂၇-၂၂၀၂၃ ရက်နေ့မှ ၂၄-၃-၂၀၂၂ ရက်နေ့ အထိ ၄ ပတ်အတွင်း ဒေသအတွင်းရှိလုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ဝင်ငွေရရှိစေရန်နှင့် သင်တန်းပြီးဆုံး ပါက လုပ်ငန်းခွင်အတွင်း ဝင်ရောက်လုပ်ကိုင်နိုင်သည်အထိ ထပ်မံလေ့ကျင့် သင်ကြားဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်သည့် သင်ထောက်ကူပစ္စည်းများကိုလည်း အစုံအလင် ထောက်ပံ့ပေးပြီး စာတွေ့လက်တွေ့သင်ကြားပေးမည့်အပြင် နယ်ဝေးသင်တန်းသူများကိုလည်း အသွား/အပြန်ခရီးစရိတ် များထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် သင်တန်းဆင်းသည့်အခါတွင်လည်း သင်တန်းတွင် ထူးချွန်သည့်သင်တန်းသူကို အပ်ချုပ်စက် ၁ စုံ ချီးမြှင့်ထောက်ပံ့လျက်ရှိကြောင်း၊ သင်တန်းတွင် အချုပ် အလုပ်သင်တန်းအပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာကျင့်ဝတ်သိက္ခာစောင့်ထိန်းရမည့် အပိုင်းများ၊ အချင်းချင်း စည်းလုံးညီညွှတ်မှုရရှိစေရန် ပြည်ထောင်စုစိတ်ဓါတ်ဘာသာရပ်၊ အတွေ့အကြုံဗဟုသုတရရှိစေရန်၊ မိမိကိုယ်ကိုကြိုတင်ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကျန်း မာရေးအသိပညာပေးဟောပြောပွဲများ၊ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်း၊ သဘာဝဘေးကြို တင်ကာကွယ်ရေးဟောပြောပွဲများကို စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သင်တန်းဖွင့် အမှာစကားပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းမှ တာဝန်ခံ ကျောင်းအုပ် ဒေါ်ဝေဝေခိုင်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြား သည်။ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသူများက ခင်းကျင်းပြသထားသည့် သင်ထောက် ကူပစ္စည်းများ၊ ခေတ်မီဒီဇိုင်းလက်ရာများကြည့်ရှုခဲ့ကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များက သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေး၊ ဇနီးနှင့်အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခွန်လှသိန်း၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှုး ဦးရွှေဝင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဆန်းဦး၊ ဇနီးနှင့်အဖွဲ့ဝင်များ၊ သင်တန်းကျောင်းမှဆရာမများနှင့် ပါလောပါကယ်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များ၊သင်တန်းသူ ၃၅ ဦး၊ စုစုပေါင်း အင်အား ၇၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၂/၂၀၂၂) အား ၂၅-၁၀-၂၀၂၂ရက်နေ့မှ ၂၄-၃-၂၀၂၂ရက်နေ့အထိ ရက်သတ္တ ၂၂ ပတ်ကြာ စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်ရဲထွေး ဆီဆိုင်မြို့နယ်၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်တန်းဖွင့်ပွဲသို့ တက်ရောက်
Post Paragraph
Paragraph Images