ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ နှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဇန်နဝါရီ ၃၀

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊ သာမဏေများ ဆွမ်း၊ကွမ်း အဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းလျက်ရှိသည့်အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးအတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ အင်အားဖြည့် အစားအစာများကိုလည်း ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

          ထိုသို့ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ယနေ့တွင် တာချီလိတ်ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သီတာခိုင် နှင့် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ခိုင်မိုး နှင့် သာသနာရေးဦးစီးဌာန၊ ခရိုင်သာသနာမှူး ဦးထွန်းမောင်ကြည်တို့က တာချီလိတ်မြို့နယ် ရွှေတောင်တန်း ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများကို သွားရောက်ဆက်ကပ်လှူဒါန်းသည်။

          ဆက်လက်ပြီး နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မိုင်းဖြတ်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းသို့လည်းကောင်း၊ မိုင်းယောင်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ မိုင်းဟန်ဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများကို မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးနှင့် တာဝန်ရှိသူ များကတက်ရောက်ဆက်ကပ် လှူဒါန်းကြောင်း သိရသည်။