သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန် မေ  ၂၈
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)တွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌  ကျင်းပသည်။
    အခမ်းအနားတွင် ဒီဂရီကောလိပ်ရှိ ကျောင်းအုပ်ဆရာကြီး ဦးထိန်လင်းက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီး ကြက်ခြေနီအသင်းတို့ မှ တာဝန်ရှိသူများက ငလျင်ဘေးအန္တရာယ် နှင့် ပတ်သက်၍ ဗီဒီယို များ ၊ ပါဝါပွိုင့် များဖြင့် အသိပညာပေးဟောပြောသည်။
    အခမ်းအနားသို့ ဒီဂရီကောလိပ်ရှိ ကျောင်းအုပ်ဆရာကြီး ၊ ဆရာ၊ ဆရာမများ ၊ ဝန်ထမ်းများ နှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြပြီး မေ ၂၉ ရက်နေ့တွင် ငလျင်ဘေး သဏ္ဌာန်တူ သရုပ်ပြလေ့ကျင့်ခြင်း၊  အားသာချက်နှင့် အားနည်းချက်များကို ဆွေးနွေးသုံးသပ်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။