ထိဝါကလေး-တာတေလမ်း ၃၀/၀ မိုင်အနက် ၆/၀ မိုင် အမာခံလမ်းခင်းခြင်းနှင့် ငါးပေ Box Culvert ၁၀ စင်း တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

   ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၃၁၈၅ ဒသမ ၉၃၁ သန်းဖြင့် မြေလမ်း ၃/၀ မိုင်၊ အမာခံလမ်း ၆/၀ မိုင်၊ ကျောက်လမ်း ၅/၆ မိုင်၊ ကွန်ကရစ်လမ်း ၂/၀ မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၃/၀ မိုင်၊ သံကူကွန်ကရစ်တံတား လေးစင်း၊ Box Culvert ၁၈ စင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး မြဝတီမြို့နယ်၊ ထိဝါကလေး-တာလေလမ်း ၃၀/၀ မိုင်အနက် ၆/၀ မိုင် အမာခံလမ်းခင်းခြင်းနှင့် ငါးပေ Box Culvert ၁၀ စင်း တည်ဆောက်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်သည်။
    အဆိုပါ မြဝတီမြို့နယ်၊ ထိဝါကလေး- တာလေလမ်း ၃၀/၀ မိုင်အနက် ၆/၀ မိုင်အမာခံလမ်း ခင်းခြင်းနှင့် ငါးပေ Box Culvert ၁၀ စင်းတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပေးမှုကြောင့် မြဝတီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသည့် အပြင် အနီးပတ်ဝန်းကျင်ကျေးရွာ ၁၀ ရွာ၊ အိမ်ခြေ ၁၄၇၀၊ အိမ်ထောင်စု ၁၅၆၃ စု၊ လူဦးရေ ၇၀၀၀ တို့မှာ ရာသီမရွေးသွားလာနိုင်ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပါအဝင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်း များလည်း ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph