တာချီလိတ်မြို့နယ်အတွင်း သောက်သုံးရေရရှိ‌ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေ လိုအပ်လျက်ရှိသော ဒေသများတွင် စိမ့်စမ်းရေ သွယ်ယူခြင်း လုပ်ငန်းများနှင့် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေပေးဝေခြင်း လုပ်ငန်းများကို သဘာဝရေ အရင်းအမြစ်များအား အကျိုးရှိစွာအသုံးချ၍ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဝမ်ဆာကျေးရွာ ၄/၂ မိုင် သောက်သုံးရေ သွယ်တန်းခြင်း၊ ပါလိုင်၊ မခေ၊ ဖွေဟိုင်း နှင့် မအန်ခန်ကျေးရွာများအတွက် သောက်သုံးရေရရှိရန် ဂါလန် ၂၀၀၀ ဆံ့ ရေလှောင်ကန်တစ်ခု တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးကြောင်းသိရသည်။ 

Post Paragraph