တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာလ ၂၉ ရက်
    ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ  ဆွမ်း/ကွမ်းခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆန်တော် ၊ ဆီ၊ ကုလားပဲ အမယ်သုံးမျိုးကို ရဟန်း၊ သံဃာ၊ သာမဏေများအတွက် ထောက်ပံ့လှူဒါန်းလျက်ရှိသည်။ 
    ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရေဖြူမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့်  ဝန်ထမ်းများက ရေဖြူမြို့နယ်၊ (ခ) ရပ်ကွက်၊ သဒ္ဒါလမ်း၊ ဓမ္မမာမက ဘုန်းတော်ကြီးကျောင်းသို့ ဆန် ၅ အိတ်၊ ဆီ ၁၅ ပိဿာ၊ ကုလားပဲ ၁၀ ပိဿာ စသည့် လှူဒါန်းထောက်ပံ့ပစ္စည်းများအား ကျောင်းထိုင်ဆရာတော်ထံသို့ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။  

Post Paragraph