မက်မန်း ဧပြီ ၁၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ) မှ ကြီးကြပ်၍ ကျိုင်းတုံမြို့နယ် ဝမ်ပါလောင်းရွာ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မက်မန်းမြို့နယ် ဝမ်ပါလောင်းရွာ မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၁၃၂ ဒသမ ၀၀၃ သန်းဖြင့် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ) မှ ကြီးကြပ်၍ ငွေမော်ဖကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။
အဆိုပါ မြေသားလမ်းဖောက်လုပ်ခြင်းသည် အရှည် ၃/၀ မိုင်၊ အကျယ် ၂၉ ပေဖြစ်ပြီး ယခင်က ဆိုင်ကယ်များသာ သွားလာနိုင်ကြောင်း၊ ယခုအခါ လုပ်ငန်းများဆောင်ရွက် ပြီးစီးမှုကြောင့် ကျန်းမာရေး၊ ပညာရေးကိစ္စများ ဆောင်ရွက်ရာတွင် မိုင်းပျဉ်းမြို့နှင့် ကျိုင်းတုံမြို့များသို့ အချိန်တိုအတွင်း သွားလာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဒေသထွက်ကုန် ပစ္စည်းများကို မြို့ပေါ်စျေးကွက်သို့ တင်ပို့ရောင်းချခြင်းဖြင့် ကျေးရွာနှစ်ရွာမှ ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုစေမည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံးခွဲ (ကျိုင်းတုံ) မှ သိရသည်။