January 2024

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျေးရွာ ၃၈ ရွာမှ လူဦးရေ ၂၇၉၃၉ ဦးတို့အား အကျိုးပြုစေမည့် လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မြေလမ်း (၂/၆)မိုင်၊ ကျောက်လမ်း (၅/၁)မိုင်၊ အမာခံ လမ်း (၁/၂)မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း (၇/၂)မိုင်၊ ကွန်ကရစ်တံတားတစ်စင်း၊ Box Culvert ၂၃ စင်း၊ ကျောက်တောင်မိုင်းခွဲခြင်းလုပ်ငန်း နှစ်ခု၊ မြေထိန်းနံရံလုပ်ငန်း တစ်ခု၊ ကျောက်စီရေမြောင်း လုပ်ငန်းတစ်ခုတို့ကို နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၃၀၁ ဒသမ ၁၂၉ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်

standard

မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်စာသင်ကျောင်းများသို့ အလှူငွေများ ဆက်ကပ်လှူဒါန်း

သထုံ၊ ဇန်နဝါရီ ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မွန်ပြည်နယ်အတွင်း ဘုန်းတော်ကြီးသင်စာသင်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းလျက်ရှိရာ သထုံခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊  ဝါးပါးတပ်ဦးကျောင်းတိုက် မူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၂၃၀ ဦးအတွက် အလှူငွေ ကျပ် ၆၉ သိန်းတိတိအား ဆရာတော်ကြီးထံသို့  ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီလ    ၂၅   ရက်   
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Chen Hai အား ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါ သည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် လမ်းတံတား၊ ရေရရှိရေး၊ မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ သာသနာရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိ

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မြေသားလမ်း (၁၅/၆) မိုင်၊ ကျောက်လမ်း (၁၁/၂) မိုင်၊ အမာခံလမ်း (၂/၀) မိုင်၊ ကွန်ကရစ်တံတားသုံးစင်း၊ Box Culvert ၆၅ စင်း၊ အရှည်ပေ ၃၅၀ ရှိသည့် ကျောက်စီရေမြောင်းတို့ကို နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၃၂၅၇ ဒသမ ၁၁၇ သန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။

standard