February 2024

ပူတာအိုမြို့နယ်၌ သမိုင်းဝင်ကောင်းမှုလုံစေတီ၊ ရွှေစည်းခုံစေတီပုံတူနှင့် ရွှေတိဂုံစေတီပုံတူဘုရားပတ်လမ်းများ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၆၀၄ ဒသမ ၁၂၅ သန်းဖြင့် ဆောင်ရွက်ခဲ့သော ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ သမိုင်းဝင်ကောင်းမှုလုံစေတီ၊ ရွှေစည်းခုံစေတီပုံတူနှင့် ‌ရွှေတိဂုံစေတီပုံတူ ဘုရားပတ်လမ်းများ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယနေ့တွင် ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအကြားအလပ်မရှိ တောင်တန်း မြေပြန့်မခွဲခြားဘဲ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၃၆၆ ဒသမ ၄၇၇ သန်းဖြင့် ကလောမြို့နယ် နန်းသဲ-တောင်လား-တောင်ကွဲ-နန်းတိုင်းသွားလမ်း ကတ္တရာအပြီးသတ်ခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုကို

standard

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်- ထီးကော်ထော- မော်ဖားသူတောင်ခြေလမ်း ၂၂ မိုင် အနက် ၂ မိုင် ကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေ ၃၀၃ ဒသမ ၀၈၈ သန်းဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်-ထီးကော်ထော-မော်ဖားသူတောင်ခြေ လမ်း ၂၂ မိုင်အနက် ၂ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအား ၁-၇-၂၀၂၃ ရက်တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ၁၉-၂-၂၀၂၄ ရက်တွင် လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

standard

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

နေပြည်တော်၊ ဖေဖော်ရီလ ၂၃ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်း သားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)၌ ၂၀၂၄ ခုနှစ်၊ အိပ်ဆောင်အလိုက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ဒီဂရီကောလိပ် (စစ်ကိုင်း)ရှိ ဘောလုံးကွင်း အမှတ် ၂ ၌ ကျင်းပရာ ကျောင်းအုပ်ကြီးဦးဆောင်၍ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ စုံညီစွာ တက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

standard