March 2024

လှိုင်းဘွဲမြို့နယ် တာလေ-မဲလလမ်း ၁၃/၀ မိုင်အနက် ၁/၆ မိုင် ကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၃၁၈၅ ဒသမ ၉၃၁ သန်းဖြင့် မြေလမ်း ၃/၀ မိုင်၊ အမာခံလမ်း ၆/၀ မိုင်၊ ကျောက်လမ်း ၅/၆ မိုင်၊ ကွန်ကရစ်လမ်း ၂/၀ မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၃/၀ မိုင်၊ သံကူကွန်ကရစ်တံတား လေးစင်း၊ Box Culvert ၁၈ စင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး လှိုင်းဘွဲမြို့နယ် တာလေ-မဲလလမ်း ၁၃/၀ မိုင်အနက် ၁/၆ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးခဲ့ပြီး ဖြစ်သည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနမှ လဲချားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေကျပ် ၃၃၂ ဒသမ ၁၈၄ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် လဲချားမြို့နယ်၊ ဝမ်ပန်-နောင်ယာဆိုင်း-ဝမ်ကျောင်းလမ်း ၅ မိုင်အနက် ၂ မိုင် အပြီးသတ်‌ကျောက်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။ 
   အဆိုပါလမ်း ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ဒေသခံကျေးရွာ ၇ ရွာမှ လူဦးရေ ၄၅၀၂ ဦး၊ လမ်းပန်းဆက် သွယ်‌သွားလာမှု ပိုမိုကောင်းမွန်လာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်‌ရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

standard

ကျိုင်းတုံမြို့နယ်၊ နမ့်ခမ်း-ဝမ်ကောင်း-ကဲရွှေ-နမ့်နီ-နမ့်ကဲ-ရှန်ထနူး ကျေးရွာချင်းဆက်လမ်း ရာနှုန်းပြည့်ပြီးစီး

    ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နယ်စပ်‌ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၃၀ ဒသမ ၇၄၈ သန်းဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု နယ်စပ်မှ နမ့်နီ/ နမ့်လုံအုပ်စု နမ့်ခမ်း-ဝမ်ကောင်း-ကဲ‌ရွှေ-နမ့်နီ-နမ့်ကဲ-ရှန်ထနူး ကျေးရွာချင်းဆက်လမ်း ၁၅/၀ မိုင်အနက် ၆/၀ မိုင်မြေသားလမ်းဆောင်ရွက်ပြီး ကျန် ၉/၀ မိုင်တွင် ၅/၀ မိုင်အား အကျယ် ၁၂ ပေမှ  ကျန်အကျယ် ၂၆ ပေ မြေသားလမ်း တာချဲ့ခြင်းနှင့် ယင်း၅/၀ မိုင်ပေါ် Box Culvert များ တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအား ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်‌ရေးရုံးခွဲ (ကျ

standard

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၏ ကိုယ်စားလှယ်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေး

     အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၏ ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မူဆယ်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း သင်တန်းဆင်းပွဲ

   မူဆယ်ခရိုင်၊ မူဆယ်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉း၀၀နာရီက ပြုလုပ်သည်။

standard