ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

   နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ၁၄၉ ဒသမ ၃၆၉ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ အောင်ပန်း-ရွာငံ ပဆငလမ်းမှ ညောင်ကုန်း- ‌ညောင်ဖြူရိုး- စီးနဲယုတ် (စဉ်းလဲရုပ်) -တောင်ပို့ခေါင်းကျောက်လမ်း ၄ မိုင်အနက် ၂ မိုင် ကတ္တရာထပ်ပိုးလွှာခင်းပြီး ကျန် ၂ မိုင်မှ ၁ မိုင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ ဓနုဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
   ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းကြောင့် ဒေသခံကျေးရွာ ၉ ရွာမှ လူဦးရေ ၄၀၅၉ ဦး တို့၏ လမ်းပန်းဆက်သွယ်သွားလာမှု ပိုမိုကောင်းမွန်လာပြီး လူနေမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် ဒေသခံများအနေဖြင့် များစွာဝမ်းမြောက် ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
 

Post Paragraph