ဟိုပန်မြို့နယ်၊ မန်မိုင်ရပ်ကွက်မှ ရွှေဝါကျေးရွာသို့ဆက်သွယ်သည့်ကျောက်ချောလမ်း ဆောင်ရွက်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ဟိုပန်မြို့နယ်၊ မန်မိုင်ရပ်ကွက်မှ ရွှေဝါ‌ကျေးရွာသို့ဆက်သွယ်သည့် ကျောက်ချော လမ်း ၁ မိုင်ခင်းခြင်းလုပ်ငန်းနှင့် Box Culvert ၁ စင်းတည်ဆောက်ခြင်းလုပ်ငန်းတို့ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၈၅ ဒသမ ၂၇၉ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ (လားရှိုး) မှ သိရသည်။
    အဆိုပါကျောက်ချောလမ်း ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ဟိုပန်မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက် နှင့် ကျေးရွာတစ်ရွာ၊ အိမ်ခြေ ၁၃၆၆၊ လူဦးရေ ၈၉၆၇ ဦးတို့၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Post Paragraph